မုဒုံ ဇွန် ၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မ (၄)ရပ်ကွက်ရှိ ကန်ကြီး မြန်မာသုဿာန်ဝင်း၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်ဇောအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များကို အမျိုး သမီးရေးရာအဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် ကျွန်း၊ပျဥ်းကတိုး၊ မဟော်မနီ၊ မန်ဂျန်ရှား၊ အော်ရီရှား၊ စိန်ပန်းကြီး၊ ပျဥ်းမ၊ သင်္ကန်း အရိပ်ရပျိုးပင် စုစုပေါင်း ၁၀၀၀ ကို တက်ရောက်လာကြသူများက တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)