ကန့်ဘလူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

ကန့်ဘလူ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်ခဲ့လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် ( ၃/၂၀၂၄)ဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ခဲ့ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးမျိုးကိုကိုအောင်က ယနေ့ခေတ်တွင် ကွန်ပျူတာပညာ တတ်မြောက်ခြင်း၏ အရေးပါမှုများကို ပြောကြားသည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက တစ်ဦးချင်းပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို မေ ၂ ရက်မှ ဇွန် ၅ ရက်ထိ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီထိ Microsoft Word၊ Excel၊ Power Point စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)