ရန်ကုန် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Soilbuild Myanmar Construction Co.,Ltd မှ အာမခံအလုပ်သမားအား အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်း စရာများအား ရှင်းလင်းပြောကြားပြီး Soilbuild Myanmar Construction Co.,Ltd မှ အာမခံ အလုပ်သမား ဒေါ်ရီရီသန်းအား အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ် (၄၄၁၀၀၀၀/-) (ကျပ်-လေးဆယ်လေးသိန်းတစ်သောင်းတိတိ) အားပေးအပ်ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး၊ ဝန်ထမ်း၏ မိသားစုဝင်များနှင့် အလုပ်ရှင်/အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)