ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး

ကျိုက်လတ်  ဇွန်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  ချိုသာသော စျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ (၁၀)လမ်းထိပ်နှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အခွန်လွတ်စျေးတွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းဦး‌ဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စားအုန်းဆီ (၅၀)ကျပ်သား တစ်ဘူးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ လာရောက်ဝယ်ယူရာ၌  လူတစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လှိုင်မင်းအောင်