၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသ

သုံးခွ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသခြင်းကို သိုက်တူးကန်ကျေးရွာ ကွင်းအမှတ် ၈၄၆ A၊ ဦးပိုင်အမှတ် ၁၅/၂ တောင်သူ ဦးမောင်မြင့်၏ စိုက်ခင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ တောင်သူ ဦးမောင်မြင့်၏ လယ်ဧက ၁၀ ဧက၌ မှော်ဘီသုံးစပါးမျိုးအား မျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်ပျိုးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးလင်းမောင်သက်၊ အဖွဲ့ဝင်( ၂) ဦးမောင်မောင်သင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တောင်သူလယ်သမားများက ကြည့်ရှု့အားပေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ​

သုံးခွမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထား(၁၅၃၆၁၄) ဧကရှိကြောင်း သိရသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တက်ရောက်လာသော တောင်သူလယ်သမားထံ စပါးပင်သက်တမ်းအလိုက် ဓာတ်မြေသြဇာထည့်သွင်းခြင်း ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

စည်သူလင်း (ပြန်/ဆက်)