ဆိပ်ဖြူ ဇွန် ၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့က ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် သစ်တောစိုက်ခင်းများစိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်သည် ဒေသအပူချိန်မြင့်မားပြီး ဒေသမိုးသွန်းမှု နည်းပါသည့် ဒေသတစ်ခုဖြစ်သည့်အတွက် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်း၊ ဂေဟစနစ်များ ညီညွတ်မျှတစေရန်နှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းစောင်ရှောက်တတ်စေရန် ရည်ရွယ်၍ ကျေးရွားသုံးထင်း စိုက်ခင်းများ အထူးစိမ်း သစ်တောစိုက်ခင်းများအား ထူထောင်စိုက်ပျိုးဆောင်ရွက်ကြောင်း သိရသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက် သစ်တောစိုက်ခင်းသစ်များ ထူထောင်စိုက်ပျိုးရာ၌ မြို့နယ်သစ်တောဦးစီးဌာနက ကျေးရွာသုံး ထင်းစိုက်ခင်း (၅၀) ဧက၊ ဝါးစိုက်ခင်း (၃) ဧက အထူးစိမ်း စိုက်ခင်းအတွက် အပင်(၃၀၀၀)ပင်၊ လူထုဖြန့်ေ၀ သစ်မျိုးစုံ အပင်ရေ( ၃၁၀၀၀) ပင်တို့ကိုလည်းကောင်း၊ မြို့နယ်အပူပိုင်ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် စိုက်ခင်းအမှတ် (၁/ ၂၀၂၄) တွင် ကျေးရွာသုံးထင်းစိုက်ခင်း (၅၀)ဧက ၊ စိုက်ခင်းအမှတ် (၂/၂၀၂၄) တွင် အထူးစိမ်း စိုက်ခင်းအတွက် သစ်မျိုးစုံ (၃၀၀၀)ပင် ကိုလည်းကောင်း၊ ဒေသစိမ်းလန်းစိုပြေရေးအတွက် ကျေးရွာ (၉)ရွာတို့တွင် တစ်ရွာ (၂)ဧကနှုန်းဖြင့် (၁၈) ဧကတို့ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ဘဏ္ဍာနှစ်များက စိုက်ပျိုးဆောင်ရွက်ထားရှိသည့် သစ်တောစိုက်ခင်းများအား ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ဦးစီးဌာနများက တာဝန်ရှိသူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)