ပခုက္ကူ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၏ ဦးဆောင်မှုဖြင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ မယ်ဇယ်လီ ၂၅ ပင်၊ ယူကလစ် ၂၅ပင်၊ စိန်ပန်း ၂၅ ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)