မိုင်းရယ် ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ တောင်သူများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ (လားရှိုး)မှ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက တက်ရောက်ကြပြီး ချေးငွေများကို သက်ဆိုင်ရာ တောင်သူများထံ ပေးအပ်ခဲ့ကြသည်။
မိုင်းရယ်မြို့နယ်တွင် ရာသီဥတုကြောင့် သီးနှံဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက သင့်တင့်သည့် စရိတ်ကာမိစေရန်အတွက် အာမခံထားရှိစေရေး စည်းရုံးဆောင်ရွက်ခဲ့ရာ မိုးချေးငွေ တောင်သူ (၁၄၁)ဦးမှ တစ်ဦးလျှင် တစ်ဧကနှုန်းဖြင့် (၁၄၁) ဧကအတွက် အာမခံထားရှိခဲ့ပြီး အမှတ် (၁၊၂၊၃) ရပ်ကွက်၊ နားဖျိုင်း၊ ဟိုယ၊ ကောင်းမောင်၊ လွယ်ငင်းကျေးရွာအုပ်စုများရှိ တောင်သူ (၂၃၆)ဦး အတွက် စပါး(၁)ဧကလျှင် (၁၅၀၀၀ဝိ/)ဖြင့် စုစုပေါင်းစပါးစိုက်ဧက (၇၂၆)ဧက၊ ချေးငွေကျပ် (၁၀၈၉၀၀၀၀ဝိ/)နှင့် ပြောင်း (၁)ဧကလျှင် (၁၀၀၀၀ဝိ/)နှုန်းဖြင့် စုစုပေါင်းပြောင်း စိုက်ဧက (၄၄၇)ဧကအတွက် ချေးငွေကျပ်(၄၄၇၀၀၀၀ဝိ/) မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ စုစုပေါင်း ကျပ် (၁၅၃၆၀၀၀၀ဝိ/)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)