လပွတ္တာ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၏ ၂၀၂၄ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ၃ မိုင်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လပွတ္တာ)ကျောင်းဝင်း၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးကျော်ဝင်းနိုင်နှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအား ပျိုးပင်များ ဖြန့်ဝေပေးအပ်သည်။
ထို့နောက် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သတ်မှတ်နေရာများတွင် ပျိုးပင်များစိုက်ပျိုးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မန်ဂျန်းရှား ၅၅၀၊ မဟော်ဂနီ ၃၀၊ ခရေ ၃၀၊ စိန်ပန်း ၃၀၊ ပျဉ်းကတိုး ၃၀၊ ကံ့ကော် ၃၀ စုစုပေါင်းပျိုးပင်(၇၀၀)တို့ကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လပွတ္တာ) ကျောင်းဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
မူမူ