ကျောက်တန်းမြို့နယ်အတွင်းရှိ မီးဖိုချောင်သုံးဓါတ်ငွေ့အရောင်းဆိုင်များအားစစ်ဆေး

ကျောက်တန်း ဇွန် ၅

ကျောက်တန်းမြို့နယ်အတွင်းရှိ မီးဖိုချောင်သုံးဓါတ်ငွေ့အရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးထင်ကျော်ဦး ပါ၀င်သောအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဦးရဲမင်းဌေး ပါ၀င်သောအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာ၀န်ခံ ဦးကျော်စိုးမိုး ပါ၀င်သောအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်၀င်း ဦးဆောင်သောအဖွဲ့တို့ဖြင့် ပူပေါင်းပြီး စစ်ဆေး‌ခြင်းနှင့် အကြံပြုချက်များ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်ဆက်)