တောင်ငူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် “ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အခမ်းအနားအား ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပူတာအိုမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)တို့ ပူးပေါင်းမှုဖြင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၇)နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (ပူတာအို) ကျောင်းခန်းမ၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များနှင့် အသက် (၂) လပြည့်မှ (၁) နှစ်ခွဲ‌အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ် (၅) ရပ်ကွက်မှ အသက် (၂) လပြည့်မှ တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇွန်လ(၁)ရက်မှစ၍ ဇွန်လ (၅) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီတွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သိန်းတစ်ရာ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ သိန်းတစ်ရာ ငွေစု/ ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲကို ဇွန်လ ၄ ရက် နေ့လည် ၂ နာရီက ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် ပြည်မြို့ကုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဓာတ်မှန်အထူးကု ဆရာဝန် ဦးဆောင်သောအဖွဲ့မှ အခမဲ့ကွင်းဆင်းကုသ

ပြည်မြို့ ကုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ လှိုင်ဝါဝါလင်း (အထူးကုဆရာဝန် ဓာတ်မှန်) ဦးဆောင်သော ဆရာဝန်များနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံသံဃာဆောင်၌ ULTRASOUND တီဗီဓာတ်မှန် ရိုက်ရန်လိုအပ်သောလူနာများအား အခမဲ့စမ်းသပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနမှ အ.ထ.က (ငါ့သရောက်) ကျောင်းသောက်သုံးရေ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ငါ့သရောက်မြို့ အ.ထ.ကကျောင်းသို့ ယနေ့နံနက်  (၉)  နာရီအချိန်တွင် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်းကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၅၁) နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ ကြီးနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။

ညောင်ဦးမြို့နယ် ထီးလိုမင်းလိုဂူဘုရားအတွင်းရှိ ဆင်းတုတော်(၉)ဆူအား ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အေဒီ(၁၂၁၁-၁၂၃၁)ဇေယျသိင်္ခ နားတောင်းများ မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ထီးလိုမင်းဘုရားကြီး အထက်ပစ္စယံရှိ ဆင်းတုတော်(၄)ဆူနှင့် အောက်ပစ္စယံရှိ ဆင်းတုတော်(၅)ဆူတို့အား ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to