ပွင့်ဖြူမြို့နယ်၌ စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကြပ်မတ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (စက္ကော့) ရှိ ကျောင်းသူ/ကျောင်းသားများအား တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်၊ ဆရာ/ဆရာမနှင့်တွေ့ဆုံ၍ ကျောင်းအပ်နှံမှု အခြေနေများနှင့် ပညာရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးမှာကြားခဲ့သည်။

ကျေးသီးမြို့နယ်တွင် ကလေးငယ်များအားလစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်အတွင်းရှိ ကလေးငယ်များအားလစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်၊၊

မြို့နယ် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မိုင်းယုမြို့သို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေ ဦးဆောင်သော မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းသည် ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု တာကြန့်ကျေးရွာနှင့် မိုင်းယုမြို့မ ရပ်ကွက်သို့လည်းကောင်း၊ နေ့လယ်ပိုင်းက ဒွန်းနွဲ့ကျေးရွာအုပ်စု ဒွန်းနွဲ့ကျေးရွာနှင့် မိုင်းလွေကျေးရွာအုပ်စု မိုင်းလွေကျေးရွာတို့၌လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်လတ်မြို့၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

တုံတာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ တုံတာတိုက်နယ် ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တုံတာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်ကာ တုံတာတိုက်နယ် ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ရေလဲကျေးရွာအုပ်စု၊ တင်းကုတ်စုကျေးရွာတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။

အင်တောမြို့ ကျောက်ဂူကျေးရွာအနောက်ဖက် မိုင်းနင်ခရောင်းရေထွက်ဦးတွင် စုပေါင်းသစ်ပင် စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ ရာသီဥတု မျှတကောင်းမွန်စေရန်နှင့် ရေထွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ​စေရန် သစ်ပင်စိုက်ပျိုး​ခြင်းကို ယနေ့နံနက် ၉ နာရီက  ကျောက်ဂူကျေးရွာ အနောက်ဖက် မိုင်းနင်းခရောင်းရေထွက်ဦးအနီး၌  သစ်ပင်များ စိုက်ပျိုးခဲ့သည်။
Subscribe to