ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနမှ အ.ထ.က (ငါ့သရောက်) ကျောင်းသောက်သုံးရေ သွားရောက်လှူဒါန်း

ငါ့သရောက် ဇွန် ၅ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ငါ့သရောက်မြို့ အ.ထ.ကကျောင်းသို့ ယနေ့နံနက်  (၉)  နာရီအချိန်တွင် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါငါ့သရောက်နယ်မြေ မီးသတ်စခန်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးသန်းလှိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်(၃)ဦးတို့သည် အ.ထ.က ငါ့သ‌ရောက်ကျောင်းရှိ ကျောင်းသား/သူများနှင့် ဆရာ/ ဆရာမများအတွက် သောက်သုံးရေဂါလံ(၄၈၀၀)ကို သွားရောက်လှူဒါန်းခဲ့ပြီး ကျန်ရှိသည့် စာသင်ကျောင်းတို့ကိုလည်း သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဦးသန်းလှိုင်ထံမှ သိရသည်။

ငါ့သရောက် (ပြန်/ဆက်)