ရွှေကျင်မြို့တွင် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Book Club )၊ (Woman Club)အဖွဲ့များပူးပေါင်း၍ ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က စာရေးဆရာ ဒေါက်တာ ကျော်ဇောဟိန်း ရေးသားသည့် "တသက်တာ ကျန်းမာရေးအကြံပေး" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။