သိန်းတစ်ရာ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲ ကျင်းပ

ကျိုက်မရော ဇွန် ၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ သိန်းတစ်ရာ ငွေစု/ ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲကို ဇွန်လ ၄ ရက် နေ့လည် ၂ နာရီက ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သိန်းတရာ ငွေစု/ ငွေချေး အသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကို စာရင်းစစ်မှူး ဒေါ်နော်လှစိုးက ဖတ်ကြားပြီး ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေစာရင်းကို အမှုဆောင် ဦးဘိုဘိုကျော်က ဖတ်ကြားတင်သွင်းခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အမှု့ဆောင်အဖွဲ့၏ အစီရင်ခံစာ၊ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကို အသင်းဥက္ကဋ္ဌမှ အတည်ပြုချက် ရယူကာ အသင်းသားများ၏ သိလိုသော အချက်များကို အသင်းဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားပြီး အမှုဆောင်သစ်များကို ရွေးချယ်ခဲ့ကြပြီး အသင်း၏ အမြတ်ငွေမှ အသင်းသားများအား အမြတ်ငွေနှင့် နှစ်ပတ်လည် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)