စဉ့်ကိုင် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ် (၅) ရပ်ကွက်မှ အသက် (၂) လပြည့်မှ တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇွန်လ (၁) ရက်မှစ၍ ဇွန်လ (၅) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက်နှစ်လပြည့်မှ တစ်နှစ်ခွဲအထိ ကလေးငယ်များကိုဘီစီဂျီ၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော၊ (ရိုတာ) ပိုလီယိုပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသော အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ် (၇၄) ဦးနှင့် မေးခိုင်ကာကွယ်ဆေးကို ကိုယ်၀န်ဆောင်မိခင် (၂၀) ဦးတို့အား ထိုးနှံပေးခဲ့ကြကြောင်းနှင့် မြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၅ ရက်နေအထိ ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်