၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ကသာ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင်  ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ဆုရကျောင်းသား/ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင်ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပိုစတာပြိုင်ပွဲကို “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် မေလ ၂၅ ရက်နေ့က ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ ()ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ပြိုင်ပွဲများတွင် ဆုရရှိသူ (၁၀) ဦးအား ဆုချီးမြှင့်ခြင်းဖြစ်သည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အားပြသခဲ့သည်။

ထို့နောက် ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများ၏ ပြိုင်ပွဲဝင်ပိုစတာပုံများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)