ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံ (၅) ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန် အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရာဇသင်္ဂဟလမ်းမကြီး အင်ကြင်းပန်းအဝိုင်းအနီးတွင် ဆောင်ရွက်ခဲ့သည်။