ပူတာအို မေ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)တို့ ပူးပေါင်းမှုဖြင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၇)နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (ပူတာအို) ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးသိန်းလှမောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတူးခေါင်က ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာသည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ခါကာဘိုရာဇီ အမျိုးသားဉယျာဉ် သုတေသနနှင့် ပညာပေးလုပ်ငန်း တာဝန်ခံတောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်နှင့်ဝန်ထမ်းများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ်ဆရာကြီး၊ နည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား(၁၀၀)ကျော်တို့က ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗွီဒီယိုကလစ် မှတ်တမ်းကို ကြည့်ရှု အားပေးခဲ့ကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက “သဲကန္တာရတိုက် ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြုပြင်ပေး” ဆောင်ပုဒ်ဖြင့် ထုတ်ဝေထားသည့် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ဖြန့်ဝေသည်။
ထို့နောက်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ် ဆရာကြီး ဦးသိန်းလှမောင်က ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတူးခေါင်က ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများအားလည်းကောင်း အသီးသီးဆုများပေးအပ်ချီး မြှင့်ခဲ့ကြပြီး ခါကာဘိုရာဇီ အမျိုးသားဉယျာဉ် သုတေသနနှင့်ပညာပေးလုပ်ငန်း တာဝန်ခံတောအုပ်ကြီး ဒေါ် အယ်လ်ကေ စီယွန်က ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းအကြောင်း သိကောင်းစရာများ၊ သစ်တောသစ်ပင်များ သဘာဝတောများ၏အရေးပါမှုများနှင့် လူသား တောရိုင်းတိရစ္ဆာန်များအား အထောက်အပံ့ပေးမှုများ၊ သစ်တော သစ်ပင်များထိန်းသိမ်းပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့နိုင်မှုများ၊ ရေထုလေထုမြေထုအား ဝန်ဆောင်မှုပေးခြင်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)