ပေါက်ခေါင်း ဇွန် ၅
ပြည်မြို့ ကုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ လှိုင်ဝါဝါလင်း (အထူးကုဆရာဝန် ဓာတ်မှန်) ဦးဆောင်သော ဆရာဝန်များနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံသံဃာဆောင်၌ ULTRASOUND တီဗီဓာတ်မှန် ရိုက်ရန်လိုအပ်သောလူနာများအား အခမဲ့စမ်းသပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ခန္ဓာကိုယ်အတွင်း လည်ပင်းနှင့် ခါးတို့တွင် Ultrasound (တီဗီဓာတ်မှန်) ရိုက်ရန် လိုအပ်သော လူနာများကို ဓာတ်မှန်အထူးကုဆရာဝန် ဒေါက်တာ လှိုင်ဝါဝါလင်းက စမ်းသပ်ဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများကို ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံမှ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။ ယနေ့ကွင်းဆင်း ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းမှ လူနာ(၆၀)ဦးအား တီဗီဓာတ်မှန်စမ်းသပ်ရိုက်ပေးပြီး လိုအပ်သောဆေးဝါးများ အခမဲ့ပေးခဲ့ကြောင်းနှင့် ကုသမှုဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များက ဓာတ်မှန်ရိုက်စမ်းသပ်ဆောင်ရွက်နေမှုများကို ကြည့်ရှု၍ လူနာများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)