တောင်ငူ ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် “ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အခမ်းအနားအား ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယိုခွေအား ပြသသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က ၂၀၂၃ ခုနှစ်၊ ခရိုင်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း၊ ပထမဆုရရှိသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) အလယ်တန်းပြဆရာမ ဒေါ်မြသန္တာထွန်းအား ဆုချီးမြှင့်သည်။
ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပြီး အမှတ်တရသစ်ပင်စိုက်ပွဲ ကျင်းပသည်။
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ကို “ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဟုသတ်မှတ်ထားပြီး ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)