မိုးညိုမြို့နယ်၌ မိုးစပါးစိုက်ဧက(၄၈၈၆၀)ဧကစိုက်ပျိုးနိုင်ရေးလျာထားဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက (၄၈၈၆၀) ဧက စိုက်ပျိုးနိုင်‌ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွှဲပိုင်း မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားတက်ရောက်၊ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ မျိုးစေ့ချကိရိယာ(Seeder)များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊  တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြင့်တင်ရေး စာပေဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် (၉)နာရီအချိန်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်နှင့် ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့် ကူမဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းသား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်ကွင်းဆင်းစိစစ်ကြပ်မတ်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ခင်တန်းကြီးကျေးရွာအုပ်စုနှင့် အမှတ် ၅ ရပ်ကွက်ရှိ မိုးစပါးစိုက်ပျိုးဧကများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား အခမ်းအနားကို ဇွန်လ ၄ ရက်နေ့၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

မြစ်သားမြို့နယ် ခန္တောကျေးရွာ နွေစပါး GW11 စိုက်စနစ်စံပြကွက်အား တိုင်းစိုက်ပျိုးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ခန္တောကျေးရွာအုပ်စု ကွင်းအမှတ် (၅၃၁/ခ)၊ ဦးပိုင်အမှတ် (၁၇/၂) ရှိ တောင်သူဦးဌေးကြိုင်၏ နွေစပါး GW11 စိုက်စနစ်စံပြကွက် (၁၀) ဧကစိုက်ကွင်းအား တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to