ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရေတာရှည် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်ကွင်းဆင်းစိစစ်ကြပ်မတ်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ခင်တန်းကြီးကျေးရွာအုပ်စုနှင့် အမှတ် ၅ ရပ်ကွက်ရှိ မိုးစပါးစိုက်ပျိုးဧကများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်မှုဖြင့် မြို့နယ်ကွင်းဆင်းစိစစ်ကြပ်မတ်ရေးအဖွဲ့တို့မှ အဆိုပါမိုးစပါးစိုက်ဧကများအား ကြည့်ရှုစစ်ဆေးကာ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရာတွင် အထွက်ကောင်း မျိုးကောင်း မျိုးသန့်များသုံးစွဲရေး၊ ကြဲပက်စနစ်ဖြင့် လုံးဝ(လုံးဝ) စိုက်ပျိုးခြင်းမရှိစေရေး၊ မျိုးစပါးစိုက်ပျိုးရာတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး၊ Drum Seeder များဖြင့်သာ စိုက်ပျိုးစေရေးတို့ကို အသိပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)