မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့ ​မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သန်းခေါင်စာရင်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်လဝကဦးစီးရုံးမှ ဦးဆောင်၍ အများပြည်သူများ အသွားအလာများရာ လူစည်ကားရာနေရာဖြစ်သည့် မှန်တန်းရပ်ကွက်၊ စစ်ကိုင်း-မန္တလေး ကားလမ်းမပေါ်ရှိ နန်းတော်ရာစံပြစျေး မီးပွိုင့်အနီး၌ ယနေ့နံနက် ၀၈း၀၀ နာရီအချိန်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့ညဥ့်သန်းခေါင်ယံ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပခဲ့သည်။

ဗန်းမော်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ် အဆင့်မြင့်ပညာကျောင်းများနှင့် အခြေခံပညာကျောင်းများသို့ လှည့်လည်ကြည့်ရှု

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားနေသော အဆင့်မြင့်ပညာကျောင်းများနှင့် အခြေခံပညာကျောင်းများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီခွဲမှစ၍ လှည့်လည်ကြည့်ရှုအားပေး စကားပြောခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဆယ်အိမ်စုမှူးသင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆယ်အိမ်စုမှူးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ ကြွမ်းတောင်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို မြို့မရပ်ကွက်၊ ဗိုလ်ကုန်းရပ်၊ ဗိုလ်ကုန်းလမ်းဆုံ၌ ယမန်နေ့ မွန်းလွှဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်‌နေ့ နံနက် ၁၀ နာရီက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်ပို့ချခဲ့‌ကြောင်း သိရသည်။

ခန္တီးမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနက မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးသင်တန်းနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့၌ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများအတွက် ဘေးအန္တရာယ်ဖြစ်စေသော စားသုံးသူထိနိုင်ခြေမြင့်မားသည့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိတို့ကို တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုများကို မြို့နယ်ပညာရေးမှူး သွားရောက်ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဇွန်လ ၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကျောင်းဖွင့်လှစ်နေမှုများကို မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို (သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည် ပြုပြင်ပေး)" ဆောင်ပုဒ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက် အဖွင့်အမှာစကား‌ပြောကြားသည်။
Subscribe to