ပွင့်ဖြူမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မေလ(၂၁)ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၃၉)လုံး ထိခိုက်ပျက်စီးသည့် လေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၅ ရက် ၊ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ကျိုက်လတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့နံနက်(၉)နာရီက ဆူးကဏန်းကျေးရွာအုပ်စု၊ စားကျက်‌ကွေ့နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌ အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မြို့မစည်ပင်သာယာစျေးနှင့် ဆင်ဖြူကျွန်းမြို့၊ မြို့မစည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသည့်  အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ညောင်တုန်းမြို့နယ်၊ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(စက္ကော့)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့‌အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(စက္ကော့)၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တောင်သူ (၄၅) ဦး မိုးစပါး စိုက်ဧက (၃၃၇) ဧက အတွက် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေး

တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးချိန်တွင် လိုအပ်သည့် စိုက်ပျိုးစရိတ် အရင်းအနှီးများ ရရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး၌ ယနေ့ နံနက် ၁၀ နာရီခန့်က  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲ (လွိုင်လင်မြို့)မှ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ကွန်ဟိန်းမြို့နယ် အတွင်းရှိ တောင်သူ (၄၅) ဦး မိုးစပါး ဧက (၃၃၇)ဧက အတွက် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း/ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၃ မြို့မတောင်သူပညာပေးစခန်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဓိကသီးနှံ(၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း/ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်၊ စာစောင်များ ပုံမှန်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်ထိ ရုံးဖွင့်သည့်နေ့များ၌ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည်။
Subscribe to