ဘိုကလေးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အခမဲ့ စတင်ထိုးနှံ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား ယမန်နေ့ နေ့လယ်(၁) နာရီမှ စတင်ကာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV အခမဲ့စတင် ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။