တာချီလိတ် ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် အဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ ဆရာ/ ဆရာမနှင့် ကျောင်းစာသင်ခန်းများ၊ စာသင်ခုံများ လုံလောက်မှု ရှိ/ မရှိ၊ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသောအစားအစာများ ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိ/ မရှိ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာမှု ရှိ/ မရှိတို့အား ကြည့်ရူ့စစ်ဆေးရာ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လိုက်လံရှင်းလင်းပြသခဲ့ပြီး ကျောင်းအလိုက် လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)