မင်းဘူးမြို့၌ လုပ်ငန်းခွင်တွင်ထိခိုက်မှုကြောင့် သေဆုံးသည့်အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်သိန်း (၉၀) ထုတ်ပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ၂၀၂၁ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမားအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ်သိန်း (၉၀) အား မိသားစုဝင်များထံသို့ လက်ဝယ်အရောက် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးမြို့ မန်းရေနံမြေစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။