တောင်တွင်းကြီးမြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

တောင်တွင်းကြီး ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၏ ဦးဆောင်မှုဖြင့်  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း အပူချိန်လျော့ကျလာစေရန်၊ သစ်တော၊ သစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို   ယမန်နေ့နံနက် (၈) နာရီက လက်တက်ကျေးရွာအနီးရှိ တောင်တွင်းကြီး-အောင်လံ-ပြည် လမ်းမကြီး လမ်းဘေးဝဲ/ယာ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် အပူပိုင်းဒေသ စိမ်းလန်းစို​ပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်က တက်ရောက်လာသူများထံ အပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့်ဝန်ထမ်းများ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လက်တက်ကျေးရွာမှ ပြည်သူများ စုစုပေါင်းအင်အား (၁၀၀) ဦး ခန့်က တမာပင် (၁၅၀၀) ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)