မြို့သစ် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ စိုက်ပျိုး/မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း RCC နှစ်ထပ်ကျောင်းဆောင်သစ်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း စတင်အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ရာ (၁၀၀)ရာခိုင်နှုန်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ စိုက်ပျိုး/မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဆောက်လုပ်လျက်ရှိသော (RCC) နှစ်ထပ်ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်းပေါင်း (၃၅၆ ဒသမ ၂၅၂)ကျပ်သန်း အကုန်အကျခံကာ Royal Mudra Company မှ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ထပ်ကျောင်းဆောင်သစ် (၁၁၄)ပေ (၃၄)ပေ သံကူကွန်ကရစ် (RCC)အဆောက်အဦးဆောက်လုပ်မှုအား သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလတွင်း ပြီးစီးရန် မြို့နယ်အရည်အသွေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီတို့၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် ပညာသင်ကြားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)