နတ်တလင်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ ဦးဆောင်၍ အများပြည်သူများ အသွားအလာများရာ လူစည်ကားရာနေရာဖြစ်သည့် ဇီးကုန်းကလေး ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေး သကျမဟာမြတ်မုနိဘုရားကြီးရှေ့တွင် ယနေ့နံနက် ၈ နာရီမှစတင်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကျင်းပသည်။
အဆိုပါ မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူပွဲကို နတ်တလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန နတ်တလင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးခင်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်လဝကဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ နတ်တလင်းမြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ဖြန်းပက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)