တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ (သင်ရိုးသစ်) စာအောင်ဆု ပေးအပ်

တန့်ယန်း ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ (သင်ရိုးသစ်) စာအောင်ဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်စုခမ်း)ထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြကာ တောင်တန်း သာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်စုခမ်း)၊ မြို့နယ်သံယနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကောလိယနှင့် ဆရာတော်ကြီးများက ပရိယတ္တိသဒ္ဓမ္မပါလ စာအောင်သံဃာနှင့် ကျောင်းသား/ သူ စုစုပေါင်း( ၆၅၉)ဦးအား အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မင်းလွင်ဦး(တန့်ယန်း)