တန့်ယန်းမြို့နယ်တွင် မီးသတ်ရေသယ်ယာဉ်ဝယ်ယူရန် မြို့နယ်အရန်မီးသတ်၌ အလှူငွေပေးအပ်လှူဒါန်း

တန့်ယန်း ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အရန်မီးသတ်၌ အသုံးပြုနိုင်ရန်အတွက် မီးသတ်ရေသယ်ယာဉ် တစ်စီးဝယ်ယူရန် လူမှုကူညီရေးအဖွဲ့မှ ယမန်နေ့က မြို့နယ်အရန်မီးသတ်ရုံး၌ အလှူငွေပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါအလှူငွေပေး အပ်လှူဒါန်းခြင်းတွင် အမှတ်(၄)ရပ်ကွက် ဦးစိုင်းလှရွှေ ဦးဆောင်သော လူမှုကူညီရေးအဖွဲ့မှ အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းကြရာ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်ရာတွင် အဆင်ပြေစေရေးအတွက် မီးသတ်ရေသယ်ယာဉ်တစ်စီးဝယ်ယူနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)