နောင်တရားမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ထောက်ပံ့ငွေပေးအပ်

နောင်တရား ဇွန် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ စန္တာခမ်းပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းကျောင်းဆောင်၌ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်နှင့် ပင်လောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဉ္စာတို့က နောင်တရားမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ယမန်နေ့မွန်းလွဲပိုင်းတွင် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မေလ ၂၁ ရက်နေ့ မွန်းတည့် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ နောင်တရားမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စန္တာခမ်း ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း တစ်ထပ်ဝါးကျောင်းဆောင် သွပ်(၅၀)ချပ်၊ အမှတ်(၃)ရပ်ကွက် ဦးညိုဝင်းနေအိမ်သွပ်(၉၆)ချပ်၊ နန်းပုလင်းကျေးရွာအုပ်စု ကြာပူကျေးရွာနေ ဦးတီးဗျန်၊ ဦးနေဝင်း၊ ဦးမောင်ချစ်လွယ်၊ ဒေါ်နန်းဒွီး၊ ဦးစံဌေး၊ ဦးသန်းစိန်တို့၏ နေအိမ်မှ သွပ်(၁၁၇)ချပ် တို့ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး တစ်အိမ်ထောင်လျှင် ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့်၊ စုစုပေါင်း ငွေကျပ်(၄၀၀၀၀၀)တိတိကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်နှင့် ပင်လောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဉ္စာတို့မှ ထောက်ပံ့ပေးအပ်ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)