အင်တောမြို့၌ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

အင်တော ဇွန် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ စည်ပင်သာယာရေးဌာမှ မြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အများပြည်သူများ သွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောက်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်နှင် (၄)ရပ်ကွက်ကြား အမှတ်(၆)လမ်း ကွန်ကရစ်ခင်းခြင်းကို မေ ၃၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အင်တောမြို့စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၉.၅၃)သန်းဖြင့် အရှည် (၅၂၀)ပေ၊ အကျယ် (၁၂) ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်ချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးစိုင်းပြည့်အောင်မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူစေမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

အောင်ခိုင်(အင်တော)