မိုင်းဖြတ် ဇွန် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ၊မိုင်းဖြတ်မြို့နယ်တွင် ဇွန်လ ၆ရက် ညနေပိုင်းမှ ၇ ရက် နံနက်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဈေးတန်း(ကွက်သစ်) ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်သို့ ဆက်သွယ်ဆောင်ရွက်ထားသည့် Box Culvert တစ်စင်းနှင့် ကွန်ကရစ်လမ်း ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ဈေးတန်း(ကွက်သစ်) ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်သို့ ဆက်သွယ်ဆောင်ရွက်ထားသည့် Box Culvert ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၀၈ခုနှစ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်လမ်း ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပျက်စီးမှုအခြေအနေ အတိုင်းအတာ မှာ အလျား၁၆ပေ၊ အနံ ၆ပေ၊ အမြင့်၆လက်မ ရေတိုက်စား ပျက်စီးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)