ကော့ကရိတ်မြို့၌ မီးလောင်ပျက်စီးသွားသည့် မီးဘေးသင့်အိမ်ထောင်စုများအား ​​ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပေးအပ်

ကော့ကရိတ် ဇွန် ၇

​ကေ့ာကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့သည့် ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ဒေါနခန်းမ၌ ထောက်ပံ့ငွေများနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့​ငွေနှင့်ပစ္စည်းများပေးအပ်ရာတွင် ​ကေ့ာကရိတ်မြို့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှတပ်မမှူး၊ စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးသင့်အိမ်​ထောင်စု ၁ စုလျှင် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၂)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၂၃၁)စု၊ တစ်ပတ်စာဆန်ရိက္ခာ လူတစ်ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် လူဦးရေ(၁၁၇၉)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၈၆၇၅၉၀၀)ကျပ်နှင့် ပျက်စီးနေအိမ်တစ်လုံးလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး တစ်ပုံးစီအား မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့်ပြည်သူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် မိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်