ကလော ဇွန် ၇
ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး၊ သစ်တောများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဉတုပြောင်းလဲမှုကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင်(၈၆/၅)အနီးတွင် ယနေ့နံနက် ၇ နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းကျော်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ထင်းရှူးပျိုးပင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ပြီး ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်ဦးဆောင်၍ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက ထင်းရှူးပင် တစ်ထောင်ပင်ကို ပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)