ဧရာဝတီတိုင်းဒသကြီး ဝန်ကြီးချုပ် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအားကြည့်ရှုစစ်ဆေး

မြောင်းမြ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအား ကြည်ရှုစစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ သည် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းသား/သူ အိပ်ဆောင် (၂) ထပ်ဆောင်၊ လက်တွေ့ဆောင်၊ ကျောင်းသူထမင်း စားဆောင်၊ အစာဂိုထောင်၊ ဝက်ခြံ၊ နွားခြံ၊ ငါးသားဖောက်ရုံ၊ ဥစားကြက်ခြံ၊ အသားစား ကြက်ခြံနှင့် မီးလိုင်း (၄၀၀) ဗို့ (၃၇၀၀) ပေးဆွဲခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က လုပ်ငန်းပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကြီးက ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် တင်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၆၆) ဦးတို့နှင့် တွေ့ဆုံ၍ အားပေးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များ၊ မြောင်းမြမြို့စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)