မြစ်သား ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မအရှေ့ရပ်ကွက်ရှိ ကျီးတော်ကုန်းမူလွန်ကျောင်းအတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ပေးရာတွင် အခြေခံပညာကျောင်းများ၌ ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာအနှံ့များကိုစစ်ဆေး၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် အသိပညာပေးပြောကြားခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဆရာမများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)