မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မော်လိုက် ဇွန်လ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံစက်ချုပ်နည်းသင်တန်းတွင် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသူများ ချုပ်လုပ်ထားသော ချုပ်ထည်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ သင်တန်းကို (၈-၅-၂၀၂၄)ရက်နေ့မှ (၆-၆-၂၀၂၄)ရက်နေ့အထိ တစ်လအကြာ သင်ကြားပို့ချခဲ့ပြီး သင်ကြားသည့် ဘာသာရပ်များမှာ စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံချုပ်ရိုးများချုပ်နည်း၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Patternဆွဲနည်း၊ ကလေးအင်္ကျီ/ ရင်ဆက်/ ခါးဆက်ဂါဝန်ချုပ်နည်း စသည့်ချုပ်လုပ်နည်း(၁၄)နည်းကို သင်တန်းသား/ သင်တန်းသူ(၂၀)ဦးတို့ကို စာတွေ့(၃၀%)လက်တွေ့ (၇၀%) သင်ကြားပို့ချပေးခဲ့ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)