ပေါင်းတည် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မိုးရာသီသစ်ပင်စိုက်ပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်သည်။
ထိုသစ်ပင်စိုက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အတူ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောအား သစ်မျိုးစုံပျိုးပင်များ ပေးအပ်သည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဌေးနှင့် ဆရာ၊ဆရာမများက ကျောင်းသား၊ ကျောင်းသူ ၃၁၅ ဦးတို့နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ်ကာကွယ်ရေးတို့အတွက် နှစ်ရှည်ပင်ကျွန်းနှင့် မန်ဂျာရှားပင်များ အပါအဝင်အရိပ်ရပင်၊ အလှပန်းပင်၊ သီးပင်စားပင် စုစုပေါင်းပျိုးပင် ၄၀၀ကို ကျောင်းပတ်ဝန်းကျင်တွင် စိုက်ပျိုးခဲ့ကြသည်။
ထိုသစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်စိုက်ပျိုးပေးခဲ့ကြကြောင်း သိရှိရသည်။
ရွှေသား(ပြန်/ဆက်)