မိုးနဲ ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၉)ရှိ လယ်သီးထပ်ဆီထွက်သီးနှံမြေပဲ ဆင်းပဒေသာ-၁၁ စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွက်လျက်ရှိပြီး အဆိုပါနေရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြေပဲစိုက်ခင်းကို တောင်သူလေးဦးတို့က ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ငါးဧကစိုက်ပျိုးထား ကာ သီးနှံများရိတ်သိမ်းချိန် ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ရိတ်သိမ်းပြီးအမိုးအကာအောက်သို့ အချိန်မီရောက်ရှိရေး ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးက မှာကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)