မြောင်းမြမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မြောင်းမြ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ပန်းခင်းစီမံချက်(၃)လုပ်ငန်းများကို မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မြောင်းမြမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကမှူး ဒေါ်အေးအေးနှင့်ဝန်ထမ်းများသည် ယမန်နေ့က မြောင်းမြမြို့ သုံးခွကွမ်းခြံကျေးရွာအုပ်စုရှိ ပြည်သူများအားလည်းကောင်း၊ ယနေ့တွင် လက်ထောက်လဝကမှူး ဒေါ်နန့်ခင်ထွေးရင်နှင့် ဝန်ထမ်းများက ကုန်းသာကျေးရွာအုပ်စုရှိ ပြည်သူများအားလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ပျက်စီး၊ ပျောက်ဆုံးများကို အသစ်ပြုလုပ်ပေးခြင်း၊ ရုံးလက်ခံ e-ID စက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားအပေါက်များ ပြန်လည်ဖြည့်သွင်းခြင်းလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)