ပျော်ဘွယ် ဇွန် ၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့ (၁၀) နာရီက အုန်းပင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီကလေးသမားဘဝသို့ မရောက်စေရန်အတွက် မိဘများမှသတိထားရမည့် အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကိုဦးစီးပေးသင့်သည့်အခြေအနေများ၊ မိဘနှင့်သားသမီးကြားဆက်ဆံရေး အကြောင်းအရာများ၊ လမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကြောင်းပေးရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးဟောပြောသည်။
ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျေးရွာနေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး