ညောင်လေးပင် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကြယ်စင်သစ် (ကိုယ်ပိုင်အထက်တန်း ကျောင်း)၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကြယ်စင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ ဒေါ်လှမြတ်နွယ် အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်ရေးရာနှင့်ပတ်သတ်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားဟူသည်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားရည်ရွယ်ချက် စသည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကလေးငယ်များကကလေးအလုပ်သမားနှင့် ပတ်သက်သည့်အကြောင်းအရာပါ နံရံကပ်စာစောင်များပြသပေးရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသစာအုပ် (၁၀၀)အုပ်အားငှားရမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)