ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်၌ Mobile Training Bus (သင်ထောက်ကူပြုမော်တော်ယာဉ်)ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ

ရန်ကုန် ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်(၁)ရှိ An Dian Electronic Technology Co.,Ltd အီလက်ထရောနစ်စက်ရုံ၊ Texmine အထည်ချုပ်စက်ရုံ၊ SoGo Electrical Industry မီးခလုပ်စက်ရုံတို့တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ Mobile Training Bus (သင်ထောက်ကူပြု မော်တော်ယာဉ်)ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မျိုးသန့်က လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးသန္တာနွယ်က အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များနှင့် သိသင့်သိထိုက်သည့် အချက်အလက်များအား အလုပ်ရှင်နှင့် အလုပ်သမားများအား ရှင်းလင်းပြောကြားခဲ့သည်။

အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေကို သိရှိလိုက်နာလာပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း ဆက်ဆံရေးကောင်းမွန်လာကာ ကုန်ထုတ်လုပ်မှုတိုးတက်၍ နိုင်ငံ၏ စီးပွားရေးကဏ္ဍများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်အလုပ်ရုံနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မျိုးသန့်ထံမှ သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)