ညောင်ဦး မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ရပ်ကွက်/ကျေးရွာများမှ အသက် (၂) လပြည့်မှ တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက်နှစ်လပြည့်မှ တစ်နှစ်ခွဲအထိ ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ (ရိုတာ) ပိုလီယိုပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ဝက်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက် ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်နှင့် မေးခိုင်ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင် (၂၀၇) ဦးတို့အား ထိုးနှံပေးခဲ့ကြကြောင်း ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း