အ.ထ.က ပိုင်ကျုံကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ ဇွန် ၇

လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မား‌စေရေးအတွက် ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မှုခင်းကျဆင်း‌ရေး အသိပညာ‌ပေးဟောပြောပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ဟောပြောပွဲတွင် ကျောင်းသားလူငယ်များ သိသင့်သိထိုက်သော မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်သည့် အ‌ကြောင်းအရာများ၊ လူကုန်ကူးမှုနှင့်သက်ဆိုင်သော အသိပညာ‌ပေးအကြောင်းအရာများ၊ မော်တော်ယာဉ်များ မောင်းနှင်စီးနင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ဆွေးနွေးဟောပြောပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ကျောင်းသားလူငယ်များထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုဟောပြောပွဲတွင် ပိုင်ကျုံမြို့နယ်မြေရဲစခန်းမှ ရဲအုပ်ခိုင်ဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြောင်း၊ ယင်းလုပ်ငန်းများကို ကျောင်းဖွင့်သည့်အချိန်ကာလအတွင်း အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

နော်ခူး(ပြန်/ဆက်)