ပန်ဆောင် ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည် သာယာလှပရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ရှုခင်းသာပန်းခြံအတွင်း အရိပ်ရပင်များနှင့် ပန်းအလှပင်များပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါအရိပ်ရပင်နှင့် ပန်းအလှပင်များကို ကြီးထွားအောင်မြင်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများက ပျိုးအိတ်များလဲလည်ခြင်း၊ ရေလောင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုတို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ စုပေါင်းအဖွဲ့တို့က ပန်ဆောင်မြို့အတွင်း စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် အရိပ်ရပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထိန်းသိမ်းထားရှိသော ပန်းအလှပင်များ ကြီးထွားဖွံ့ဖြိုးစေရေး ရေဖျန်းခြင်း၊ ပျိုးအိတ်များအသစ်လဲလည်ခြင်း၊ ထပ်မံစိုက်ပျိုးခြင်း တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပြီး အဆိုပါ ပန်းဥယျာဉ်တွင် သပြေ၊ မြေဆလီ၊ စင်ကာပူချယ်ရီ၊ ကျွန်းသစ်၊ စိမ်ပန်းနီ၊ စိမ်ပန်းပြာ၊ ခရေ၊ စက္ကူပန်း၊ပွင့်လှ၊ ဆပ်တဖူးနှင့် ဇော်ဂျီအစရှိသည့်အရိပ်ရပန်းအလှပင် စုစုပေါင်း(၅၀)ခန့် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)