ချောက် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မိုးကြိုကာလ၌ ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က ချောက်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရန်သတိပေးနှိုးဆော်၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန်၊ ဆောင်ရန်/ရှောင်ရန်အချက်များ ကိုဝန်ထမ်းများက သုံးဘီးယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၊ လမ်းသွားလမ်းလာများအား သတိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ခြင်းများကို ချောက်မြို့နယ်အတွင်းရှိ ရေတွင်းကျေးရွာ၊ ချောင်းတက်ကျေးရွာ၊ ပြည့်ပင်ကျေးရွာနှင့် စလေမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)